ရေဒီယို

အဖြူရောင်သံစဉ် ရေဒီယို

Wednesday, June 15, 2011

ဖတ်ခဲ့မိသော ရယ်စရာလေးတွေ

ဒါလည်းဟုတ်သားပဲ

> ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
> ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
> ခင်ဗျားက လူမဟုတ်ဘူးလား။
> ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
> ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

သူ့ကြောင့်မိုပါ

> မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
> ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

မောင့်အချစ်ကပိုပါတယ်


> ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
> မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
> တစ်ပုလင်းတည်း ချစ်တာပါ။

ဒီလောက်ပဲတက်ဖို့လိုတယ်


> ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
> ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
> လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။



http://myanmarinsingapore.com မှကူးယူဖော်ပြပါသည်

No comments:

Post a Comment