ရေဒီယို

အဖြူရောင်သံစဉ် ရေဒီယို

Friday, August 12, 2011

လာချင်ဦး ဟေ့ ချဉ်ကာဘူ (Singapore)

မနေ့က သူငယ်ချင်းတစ်ရောက်နေ့တွေလို့ သူငှားစီးခဲ့တဲ့ Taxi မောင်းတဲ့ ဦးလေးကြီး ပြောစကားလေးကြား ရတော့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်...ချဉ်ကာဘူ မှာ Taxi မောင်းကြတာက အသက် ၅၀ ကျော် ၆၀ နီးပါး ဦးလေးကြီးတွေများတယ်..အဲဒီ ဦးလေးကြီးပြောတာက ချဉ်ကာဘူမှာ ကုန်ဈေးနှုန်းတွေ အရမ်းတက်လာတဲ့ အကြောင်း၊ အငှားကားတွေ များလာတဲ့ အကြောင်းပြီးတော့ သူနဲ့ ဘ၀တူ ဦးလေးကြီးတစ်ရောက် ကားအုံနာဖိုး မပေးနိုင်လို့ ကိုယ့်ကို သတ်သွားတယ်ဆိုတဲ့ အကြောင်းပြောပြတယ်... ဟုတ်လည်း ဟုတ်ပါတယ် သူပြောတာက တနေ့ကို အုံနာဖိုး နဲ့ ဆီဖိုး (၁၈၀) ပေးရတယ်တဲ့..ကားမောင်းမကောင်းတော့ မပေးနိုင်ဘူး..အဲဒီတော့ ပိုင်ရှင်တွေက ပိတ်ဆံတောင်း၊ ကြာလာတော့ စိတ်တွေညစ်ပြီး အသက် ၆၀ နီးပါး ဦးလေးကြီး ကိုယ့်ကို အဆုံးစီရင်သွားတယ်။

ကျွန်တော့ ကိုယ်တွေ့ ပြောပြချင်ပါတယ်...လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ချဉ်ကာဘူ မှာ ကော်ဖီ တစ်ခွက် ပြား ၆၀ ပဲပေးရတယ်..အခု ၁.၂၀ ဖြစ်နေပြီ..လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်တော်နေတဲ့ အခန်း ၂၈၀ ပေးရတယ်..အခု ၃၅၀ ဖြစ်နေပြီ ... ကားခ၊ ရထားခ၊ ရေ၊ မီး အကုန်တက်ပါတယ်..မတက်တာ ကျွန်တော်တို့ရဲ့ လစာ မတက်လာတာပါ ..S Pass ဆို အနည်းဆုံး လစာ ၁၈၀၀ ပေးရမယ်လို့ အစိုးရက ညွှန်ကြားထားပါတယ်...ဒါပေမယ့် လစာအပြည့် ရတဲ့သူတော်တော်နည်းပါတယ်...ကျွန်တော် သိတဲ့ အကိုတစ်ရောက်ဆို S Pass ကို လစာ ၇၀၀ ပဲရတယ်...ချဉ်ကာဘူ က သူဌေး တော်တော်များများက လူလည်တွေ ဖြစ်ကုန်ကြပြီMOM ကိုတင်ရင် လစာ ၁၈၀၀ နဲ့တင်ပြီး..တကယ်ပေးတဲ့အခါမှာ အပြည့်မပေးတတ်ကြပါဘူး...ပြီးရင် မြန်မာငွေဈေးပဲ တက်လာတာလား..ဒေါ်လာဈေးပဲ ကျလာတာလားတော့ မသိဘူး...လွန်ခဲ့တဲ့ ၂ နှစ်လောက် ချဉ်ကာဘူ ၁ ဒေါ်လာကို မြန်မာငွေ ၈၀၀ ကျော်ရတယ်...အခုတော့ ၁ ဒေါ်လာကို ၆၀၀ ကျော်လေးပဲ ရတော့တယ်။

ပြောချင်တဲ့ အဓီက ရည်ရွယ်ချက်ကတော့ ချဉ်ကာဘူ ဟာတကယ်ကို ချဉ် စရာကောင်းနေပါတယ်..ချဉ်ကာဘူ အစိုးရက သူ့နိုင်ငံက ငွေကို အလုပ်သများတွေ ဆီက ရတဲ့ နည်းနဲ့ ပြန်ယူတတ်တယ်ဆိုတာလည်း သိစေချင်ပါတယ်...လာပြီး အလုပ်လုပ်မယ်ဆိုရင် သေချာ စဉ်းစားပြီးမှ လာစေချင်ပါတယ်..ကိုယ်ရမယ့် ဟာပဲကြည့်ပြီးကုန်မယ့် ဟာတွေကိုလည်း ပြန်မြင်စေချင်တဲ့ စေတနာဖြင့် ရေးတားလိုက်ပါသည်။

Thursday, July 28, 2011

ကျေးဇူးတင်ရှိခြင်း။

ကျွန်တော် မလေးရှားသို့ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ သွားရောက်လည်ပါတ်ခဲ့ပါတယ်.အဲလို သွားရောက်လည်ပါတ်ခဲ့တာမှာ ကျေးဇူးတင်ထိုက်သူတွေ များစွာရှိပါတယ်..ကျွန်တော် တစ်ရောက်ထဲဆို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး..နံပါတ်တစ် ကျေးဇူးတင်တာက ကျွန်တော်တို့ချစ်ကိုကြီး ကိုရွှေရိုးပါ..အလုပ်တွေ မအားလပ်တဲ့ကြားထဲ၊ ချောင်းတွေ တဟွတ်ဟွတ် ဆိုးနေတဲ့ ကြားထဲကနေ သူ့အိမ်မှာနေ၊ သူ့အိမ်မှာစား၊ သူကိုယ်တိုင် ကားမောင်းပြီး ကျွန်တော်တို့ကို အပင်ပန်းခံ အလုပ်ပျက်ခံပြီး KL, Langkawi Beach,Genting Highland အစရှိသည်များကို လိုက်ပို့ပေးခဲ့ပါတယ်.နောက်တစ်ရောက်က ဘေဘီဇက်လေးပါ..ကျွန်တော်တို့ လာမယ်ဆိုလို့ ခွင့် ၅ ရက်ယူထားပြီး အလုပ်တွေ ပျက်ခံပြီး ကျွန်တော်တို့နှင့် သွားတူတူ စားတူတူ သောက်တူတူ နေခဲ့တာပါ...နောက်တစ်ရောက်က တော့ ကိုရင်သန်းထွန်းပါ..ဆိုင်ကယ်မှောက်ပြီး ဒါဏ်ရာတွေ ဗလပွနဲ့ အလုပ်မဆင်းနိုင်ပဲ ကျွန်တော်တို့နှင့် လာတွေ့ပြီး လည်ပါတ်ခဲ့ပါတယ်..နောက်တစ်ရောက်က ကိုပီတာပါ..သူလည်း အလုပ်မအားတဲ့ကြားထဲကနေ ကျွန်တော် တို့နှင့်လာတွေ့ပြီး တညလုံး ထိုင်သောက်ခဲ့ပါတယ်..ဒါကတော့ မလေးမှ ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျွန်တော် မောင်ချက်လေးမှ အထူးကျေးဇူးတင်ရှိပါကြောင်း...........
၂၆ ရက်နေ့ စလုံးရောက်ပါတယ် စလုံးရောက်တော့ ကျွန်တော်ရယ်၊ ကိုရွှေရိုးရယ်၊ ချန်လေး ရယ် စားဖို့သောက်ဖို့ မနက်စာ၊ နေ့လည်စာ၊ ညစာတွေကို အလုပ်မအားတဲ့ ကြားထဲကနေ ချက်ပြုတ်ကျွေးမွေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ အချစ်ဆုံး ညီမလေး ဆုမြားပါ...သူ့ရဲ့ နန်းကြီးသုတ်၊ မြင်းခွါရွက်သုတ် ကတော့ အရမ်းစားလို့ကောင်းပါတယ်... .ကျေးဇူးအထူးတင်ပါတယ် ညီမလေး..
နောက်တစ်ေ၇ာက်ကတော့ ကိုချန်လေး ပါ မလေးနဲ့ စလုံးမှာ ကျွန်တော် စသမျှ စိတ်မဆိုး၊ စိတ်မကောက်ပဲ နေတဲ့ ကျွန်တော်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ..သူကတော့ ဓါတ်ပုံရိုက်ရတာ အရမ်းဝါသနာပါလို့ ဓါတ်ပုံ ၃၀၀၀ ထောင်ကျော်မှာ သူ့ဓါတ်ပုံ ၁၅၀၀ နီးပါးရှိပါတယ်.....ခိခိ
ကျွန်တော် ဒီနေရာကနေပြီး ကိုရွှေရိုး၊ ကိုရင်သန်းထွန်း၊ ကိုချန်လေး၊ကိုပီတာ၊ ဇက်လေး၊ ဆုမြား တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း....နောက်တစ်ခါလည်း အခုလို ပြန်လည် ဆုံဆည်းချင်ပါသေးတယ်...

ပြန်လည် ဆုံးဆည်းကြပါစို့ သူငယ်ချင်းတို့......

Wednesday, July 13, 2011

ကျွနုပ်နှင့် အိမ်သာများ

ခေါင်းစဉ်ကတော့ လန်းနေပြီ..ဟိဟိ။ ရေးချင်နေတာ ကြာပြီအချိန်မရတာနဲ့ပျင်းတာနဲ့မရေးဖြစ်တာ။
စပြောရမယ်ဆိုရင်ကျွန်တော် လှည်းကူး ကနေ ရန်ကုန်မြို့ထဲကို အလုပ် သွားတုန်းကပေါ့။ အိမ်နဲ့ အလုပ်က ၁ နာရီကျော်လောက် ကားစီးရတယ်။ လှည်းကူးကနေ ကားစီးလာလိုက်တာ စော်ဘွားကြီးကုန်းကျတော့ အိမ်သာ တက်ချင်နေပြီ။ အဲတာနဲ့ အောင့်ထားပြီး အလုပ်ရောက်မှ တက်မယ် အလုပ်လည်း နောက်ကျနေတယ်ဆိုပြီး နေတာ ၆ မိုင်ခွဲရောက်တော့ မနေနိုင်တော့ဘူး။ မှတ်တိုင်ရောက်တော့ ပြေးဆင်း လက်ဖက်ရည် ဆိုင်ထဲ ခပ်တည်တည်နဲ့ ၀င်သွားပြီး တစ်ခါတည်း အိမ်သာဘယ်မှာလဲ လို့မေးလို့လည်း မကောင်းဘူးလေ၊ ဒါနဲ့ လက်ဖက်ရည် တစ်ခွက်မှာလိုက်တယ်။ လူလည်း တော်တော် ချွေးပြန်နေပြီ။ စားပွဲထိုးကောင်လေး ကိုမေးလိုက်တယ် "ညီလေး..အိမ်သာ ဘယ်နားမှာလဲ ဆိုတော့ မရှိဘူးတဲ့" လူကို ငိုချင်သွားတာပဲ။ ဒါနဲ့ မင်းတို့တွေ ဘယ်လို အိမ်သာတက်လဲ ဆိုတော့ ကျွန်တော်တို့က မတက်ဘူးတဲ့။ ထိုင်သာ ငိုလိုက်ချင်တော့တယ်။ ဟိုကလည်း အပေါက်ဝနားမှာ ပြူတူပြူတူ လုပ်နေပြီ။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး လက်ဖက်ရည် ဖိုးရှင်း တက်စီ(Taxi) ငှားပြီး ရုံးအရောက်ပြေးရတော့တာပဲ။ ဟီးးးးးရုံးရောက်မှ စိတ်ရှိလက်ရှိ ပြူတူပြူတူ ဖြစ်နေတာကို ဖွင့်ပေးလိုက်တာ အဲခါမှ လူက နေလို့ထိုင်လို့ရသွားတော့တယ်။
နောက်ပြီး ရန်ကုန် မြို့ထဲက အိမ်သာတော်တော်များများ ရောက်ဖူးတယ်။ အရင်က ဆို အပေါ့သွားသွား အလေး သွားသွား ၅၀ ကျပ်။ ၁၀၀ တန်ပေးရင် ပြန်မအမ်းဘူး။ တစ်ရှူးဖြစ်ဖြစ်၊ ဆေးလိပ်ဖြစ်ဖြစ်ပေးတယ်။ အိမ်သာထဲ ၀င်သွားရင် ရေမရှိတာများတယ်။ ကြမ်းပြင်မှာတော့ ရေတွေက ခြေမက်စိလောက်ရောက်တာများတယ်။ အိမ်သာတက်မယ် ပြင်တော့ အိမ်သာ တံခါးမှာ ဆေးလိပ်မီးနဲ့ထိုးထားတာတွေ။ နိုင်ငံကျော် ပန်းချီ ဆရာ၊ စာရေးဆရာတွေ ရဲ့လက်ရာတွေ တွေ့ရတော့တာပဲ(ရောက်ကျား လေးတွေ သိပါတယ် ဘာတွေ ရေးထားလဲဆိုတာ။
မြန်မာနိုင်ငံက အများသုံး အိမ်သာတွေထဲမှာ ကျွန်တော် ရောက်ဖူးတဲ့ အထဲက သမ္မတ ရုပ်ရှင်ရုံ က အိမ်သာက တော်တော် သန့်တယ်။ ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့ ဆိုရင် အများသုံး အိမ်သာတွေက အစ ပြုပြင်သင့်ပါတယ်။ နိုင်ငံခြားသားတွေ ကျွန်တော်တို့ အိမ်သာ မြင်သွားရင် တော်တော် ရှက်ဖို့ကောင်းမှာပါ။
အိမ်သာတက်ရတာ အဲလို အခက်အခဲတွေတွေ့ရလို့ ကျွန်တော် တို့ အဖွဲ့လေးက ရွေပြည်သာမြို့ နယ် မင်းရဲကျော်စွာလမ်းမှာ တည်ရှိသော အောင်မေတ္တာဘုန်းတော်ကြီးကျောင်းနှင့် ဘိုးဘွားရိပ်သာကို အိမ်သာ ၂ လုံး ဆောက်ပြီး လှူခဲ့ပါတယ်။
အောက်က ပုံလေးပါ....

စလုံးက အိမ်သာတွေက တော်တော် သန့်တယ်ဗျာ။ ကြိုက်တဲ့ အိမ်သာ သွား အလကား (free) တက်ရတယ်။ အလကား တက်ရလို့ဆိုပြီး အထင်တော့ မသေးနဲ့လိုက်အုံး အိမ်သာထဲမှာတောင် ထမင်းစားလို့ရတယ်။ အိမ်သာတွေထဲ ၀င်သားရင် မွေးကြိုင်နေတာပဲ။ အလေးသွားတဲ့နေရာမှာ ဖြစ်ဖြစ် အပေါ့သွားတဲ့ နေရာမှာ ဖြစ်ဖြစ် ကြည့်လိုက်ရင် သန့်နေတာ။

အောက်က ပုံလေးတွေ ကြည့်ပါ.....
ဒီပုံကတော့ Anchor Point Centre မှ အမျိုးသားများ အပေါ့သွားတဲ့နေရာ ဖြစ်ပါတယ်..

ဒီပုံကတော့ Millenia Walk Centre မှ အမျိုးသားများ အပေါ့သွားတဲ့နေရာ ဖြစ်ပါတယ်..

အဲထက်လန်းတဲ့ အိမ်သာတစ်ခုရှိပါသေးတယ် ဓါတ်ပုံတော့ မရိုက်လာရဘူး အဲတာကတော့ Icon Shopping Center က အိမ်သာပါ။ အခန်းထဲမှာ အဲကွန်း ဖွင့်ထားတယ်။ မှန်တွေလည်း ထပ်ထားတာ အကြီးကြီးတွေ။ အခန်းထဲမှာလည်း မွေးကြိုင်းနေတာပါပဲ။ တော်တော် လေးကို သန့်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေက အိမ်သာကို Rest Room လို့ခေါ်ကြတာထင်တယ်။
ဒီလောက်ပါပဲ...ရွှေမြန်မာများ အိမ်သာ လှလှ မွေးမွေး ကြိုင်ကြိုင်လေးတွေ သုံးနိုင်ကြပါစေလို့.............

Wednesday, June 15, 2011

ကွန်ုပ်နှင့် အလွဲများ (အခန်း ၁)

ဟဲဟဲ....ပြောရမယ်ဆိုရင်တော့ ၉ တန်းကစပြီးပြောတော့မယ်..ဒီလိုပါဗျာ..၉ တန်းတုန်းက ကျွန်တော် ကြိုက်ခဲ့တဲ့ ကောင်မလေးတစ်ရောက်ရှိခဲ့ဖူးတယ်..ကြိုက်နေတာတော့ ၇ တန်းနှစ်ကတည်းက ကြိုက်နေမိတာ ဒါပေမယ့် ပြောရမှာကြောက်တယ်ပေါ့လေ...ဒါနဲ့ နေလာလိုက်တာ ၉ တန်းရောက်တော့ မနေနိုင်တော့ဘူး ရည်းစားစာ လိုက်ပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်..
ကောင်မလေး အကြောင်းနည်းနည်းပြောအုံးမယ်..ကောင်မလေးက ဆံပင်ရှည်ရှည်ထားတယ်... ကျစ်ဆံမြီးလေး အမြဲတန်းစီးထားတယ်.. ကျောင်းလာရင် စက်ဘီးလေးနဲ့ လာတာ(အဲဒီတုန်းကကျွန်တော်တို့မြို့မှာ ကျောင်းသား ၊ ကျာင်းသူ တော်တော်များများ ကျောင်းလာရင် စက်ဘီးနဲ့လာကြတယ်)..ကိုယ်လုံးလေးက ကလည်း မော်ဒယ်ကိုယ်လုံးလေးနဲ့... သနပ်ခါးပါးကွက်ကျားလေးနဲ့ပေါ့...ရယ်လိုက်ရင် တော်တော်ချစ်ဖို့ကောင်းတယ် ..ဒီလောက်ဆို မြင်ပြီပေါ့နော်...
ခက်တာက ကျွန်တော်က တစ်ခါမှရည်းစားမထားဖူးတော့ ဘယ်ကနေ ဘယ်လိုရည်းစားစာရေးရမှန်းမသိဘူး... လိုက်ပြောဖို့ဆိုတာ တော့ဝေးရော..အနားတောင် မကပ်ရဲဘူး..ဒါနဲ့ စီနီယာ အကိုကြီးတွေ ဆီမှာ မျက်နှာငယ်လေးနဲ့ တပည့်ခံရတော့တာ...ဆရာသမားတွေကလည်း အားကိုးပါတယ်ဆိုမှ အလကားတော့ မရဘူးတဲ့..ဒါနဲ့ ဆရာသမားတွေကို ပြုစုရတာပေါ့...နောက် ၂ ရက်လောက်ကြာတော့ လက်ထဲမှာ ရည်းစား တစ်စောင်ရောက်လာတယ်..အမယ် ဖတ်ကြည့်တော့လည်း မဆိုးဘူးဟလို့ ရေးထားတာ ကောင်မလေးကြွေနိုင်လောက်တယ်ပေါ့...
ညနေကျောင်းဆင်းတော့ ရည်းစားစာလိုက်ပေးမယ်လို့ ဆုံးဖြတ်ထားတာပေါ့..ကို့ကို ပြန်မေးကြည့်တယ် စာလိုက်ပေးရဲမလားလို့ တွေးရင်းတောင် ချွေးတွေ ပြန်လာတယ် မဖြစ်သေးဘူး..ဒါနဲ့ သူငယ်ချင်းတစ်ရောက် တိုင်ပင်လိုက်တော့ ရဲဆေး နည်းနည်းတင်လိုက်ပါလားတဲ့ အကြံပေးတယ်..ဟုတ်ပြီ ဆိုပြီး ကျောင်းဆင်းခါနီး တစ်ချိန် အလိုမှာ ကျောင်းကနေ လစ်လာခဲ့တယ် အနီးဆုံး အရက်ဆိုင် သွားပြီး တစ်ခွက်မော့လိုက်တယ်..လူကို ပူထူသွားတာပဲ...ခပ်တည်တည်နဲ့ အရက်ဆိုင်က ထွက်လာပြီး ကျောင်းဆင်းချိန်ကို စောင့်နေလိုက်တယ်..၄ နာရီထိုးတော့ ကျောင်းဆင်းလာပြီ ကျွန်တော်လည်း နည်းနည်း မူးလာပြီ..ကောင်မလေးကို ရှာတော့ တွေ့ပြီ စက်ဘီးလေးနဲ့ လာတာ အဲတာနဲ့ ကျွန်တော့် လည်းစက်ဘီးလေးကို အသာနင်းပြီး ကောင်မလေး အနားကို ရောက်အောင် သွားတာပေါ့..ကျောင်းဆင်းချိန်ဆိုတော့ လမ်းပေါ်မှာ စက်ဘီးတွေက လည်းများမှများ...ကောင်မလေး အနားရောက်တော့ စာကို စက်ဘီး ခြင်းထဲ ထည့်ပေးမယ်ဆို ပြီး အိပ်ကပ်ထဲမှာ ထည့်လာတဲ့ စာကို အနှိုက် သောက်ထားတဲ့ အရှိန်ကြောင့် လက်တစ်ဖက်တည်းနဲ့ ထိန်းလို့မရဖြစ်ပြီး ကောင်မလေး စက်ဘီးနဲ့ သွားငြိတော့တာပဲ... နှစ်ရောက်လုံး လမ်းလယ်ခေါင်မှာ တုံးလုံးပက်လက်ရယ်...ကျောင်းသားတွေလည်း ကြည့်ပြီးဝိုင်းရယ်လိုက်ကြတာ. ... .ကောင်မလေးလည်း တော်တော်ရှက်သွားတယ်ထင်ပါတယ်... ငိုယိုပြီး ထွက်ပြေးသွားတော့တာပဲ..ကံကောင်းလို့ ပါးရိုက်မခံလိုက်ရတာ...နောက်ဆို ကျွန်တော့ကို တွေ့ရင် ဝေးဝေးရှောင်ပါတော့တယ်...အခုတော့ သူလည်း ဘယ်တွေ ရောက်လို့ ဘာတွများလုပ်နေလဲ မသိတော့ပါဘူး...
စကားချပ်...(အခုခတ်လူငယ်များ တော်တော်ကံကောင်းသွားပြီ..ကျွန်တော့်လို ဖြစ်မှာမဟုတ်တော့ဘူး...ကွန်ပြူတာ၊ အင်တာနက် (ကုလားဖြူ အသံဖြင့်ဖတ်ရန်) ပေါ်လာတော့ ချစ်တယ် ကြိုက်တယ်ဆိုရင် ဂျီတော့ ကနေ စာလေး လှမ်းရိုက်လိုက်ယုံပဲ)


ခင်မင်စွာဖြင့်
မောင်ချက်

ဖတ်ခဲ့မိသော ရယ်စရာလေးတွေ

ဒါလည်းဟုတ်သားပဲ

> ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
> ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
> ခင်ဗျားက လူမဟုတ်ဘူးလား။
> ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
> ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

သူ့ကြောင့်မိုပါ

> မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
> ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

မောင့်အချစ်ကပိုပါတယ်


> ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
> မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
> တစ်ပုလင်းတည်း ချစ်တာပါ။

ဒီလောက်ပဲတက်ဖို့လိုတယ်


> ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
> ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
> လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။



http://myanmarinsingapore.com မှကူးယူဖော်ပြပါသည်

Wednesday, June 8, 2011

ရေးချင်တာ ရေးပါသည်

ဘ၀တစ်ခု တည်ဆောက်တဲ့အခါ အချစ်တစ်ခုတည်းနဲ့ ဘ၀ဟာ မပြည့်စုံပါဘူး......နားလည်မူ..စာနာမူ...ဂရုဏာ..မေတ်တာ.........လိုအပ်ပါတယ်..ဒါပေမယ့်တစ်ခါတလေ လူတွေက သိသိကြီးနဲ့ မသိချင်ရောင်ဆောင်နေကြတယ်.....အဲဒီထဲမှာ ကျွန်တော်လည်းပါတယ်...တစ်ခါတစ်ခါ ဘ၀မှာနေရတာ ငြည်းငွေ့တယ်....ငါသေသွားရင် ကောင်းမှာပဲလို့တွေးမိတယ်...ဒါပေမယ့် မဖြစ်သေးပါဘူးလေလို့ ပြန်တွေး မိတယ်...ဘာလို့လဲဆိုတော့ သံယောစဉ်လေးတွေ မပြတ်နိုင်သေးဘူးမလား...သေသွားရင်တောင် မကျွတ်နိုင်ဘူး ဆိုတာ အဲလို သံယောစဉ်တွေ ကြောင့်လို့ပဲထင်တယ်...